System 286 (On Going) Arc 1.11(မင်ရှီး)
All chapters are in System 286 (On Going)
A+ A-
Zawgyi
“ဟုတ်..ဟုတ်.ရပါတယ်..
“ဟေး…. မိုင်ဘရားသား…
………………………
“အော်….ဟုတ်လား “
System: “Awww “
System: “ခွီး….”
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
A/N-upတာကြာသွားလို့တောင်းပန်ပါတယ်…အခုမှစရေးဖူးတာဆိုတော့ ဇာတ်ကြောင်းစဉ်းစားမရဖြစ်သွားလို့ပါ 😅
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
Unicode
ကျောင်းရောက်တော့ ကယ်ရီဘေးနားသို့ထူးထူးဆန်းဆန်းအတူလာထိုင်သောချင်းချိုး….
“ထိုင်လို့ရတယ်မလား….ဒီမှာ..”
“ဟုတ်..ဟုတ်.ရပါတယ်..
ဒါနဲ့လေ..မနေ့ကကိစ္စအတွက်ကျွန်တော်တောင်းပန်ပါတယ်..”
“ရပါတယ်… မင်းမနေ့ကချစ်ဖို့ကောင်းနေလို့ ခွင့်လွှတ်ပေးလိုက်ပါမယ်..
တကယ်အားနာရင်တော့..နေ့လည်စာလောက်ဝယ်ကျွေးရင်လည်းမဆိုးပါဘူး..”
“ဗျာ” ဒီဗီလိန်ကောင်စိတ်ရောမှန်သေးရဲ့လားဟ..သူ့အပေါ်အန်ချခဲ့မိတာတောင်ချစ်စရာကောင်းတယ်လို့ပြောထွက်သေးတယ်..
“ဟေး…. မိုင်ဘရားသား…
အကိုချင်းချိုး ရောရှိနေတာလား …ခွေးကောင်..မင်းနောက်တစ်ခါဘယ်တော့မှမသောက်တော့နဲ့..ညကမင်းကိုနိုင်ကိုမနိုင်ဘူး..အကိုချင်းချိုးပါလို့တော်သေးတယ်..ငါတစ်ယောက်တည်းဆိုရင် သေမှာပဲ..”
“အဲ့တာ..မင်းတိုက်လို့ဖြစ်တာလေ..ငါမသောက်ဘူးလို့အတန်တန်ငြင်းနေတာကို..ဘာတဲ့..သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့တာဝန်အပြည့်ရှိတယ်လေးဘာလေးနဲ့ “
“အချစ်ကလည်း…ငါမင်းဒီလောက်ကြီးထိဆိုးလိမ့်မယ်မှန်းမသိလို့ပေါ့ကွ..စောတီး” ကျန်းချန် ပါးစပ်ကြီးဖြဲကာပြုံးပြသည်..
………………………
ကယ်ရီ ဒီကမ္ဘာရောက်နေသည်မှာ တစ်လခန့်ပင်ရှိတော့မည်ဖြစ်သည်..။ ချင်းချိုး နှင့်လည်း တဖြည်းဖြည်းရင်းနှီးလာခဲ့သည်..။ အခုဆိုလျှင် ကယ်ရီတွင် သူငယ်ချင်းသုံးယောက်ရှိနေပီဖြစ်သည်..ကျန်းချန်.. ဟန်ယွင်.. ချင်းချိုး.. ။ ချင်းချိုးသည်အရင်လိုမဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်အနေနဲ့ မိမိအားအရမ်းဂရုစိုက်သည်..။ ထို့ကြောင့် မစ်ရှင်သည်လည်း အောင်မြင်မှန်းမသိ အောင်မြင်ခဲ့သည်..။ System ကတော့ ပထမ ကမ္ဘာဖြစ်တဲ့အတွက် လွယ်ကူနေတာ လို့ပြောသည်..။ အဓိကမစ်ရှစ်တွေပီးသွားသဖြင့် နောက်ကမ္ဘာသို့ပြောင်းနိုင်ပီဖြစ်သော်လည်း..System က အချိန်တွေအများကြီးရှိသဖြင့် Hidden mission ကိုရှာခိုင်းသည်..။
ကယ်ရီ အချိန်ကြည့်လိုက်တော့ ၆နာရီထိုးပီ ဖြစ်သည်..။
“အင်း…ဒီအချိန်ဆို အကိုဟန်ယွင် လာတော့မှာပဲ..”
System: “Host ကမျှော်နေတာလား 🙄”
“အာ..ငါကဘယ်မှာမျှော်နေလို့လဲ….
ငါဒီဆိုင်မှာအလုပ်စလုပ်ကတည်းက ၆နာရီဆို သူကအမြဲကော်ဖီလာသောက်နေကြလေ..။ အဲ့တာကြောင့် ပြောတာပါ..”
System: “မသိပါဘူး….ကျွန်တော်က Hostနာရီတကြည့်ကြည့်နဲ့မလို့မျှော်နေတယ်ထင်တာ.. ။ ဟော…ဒီဇာတ်လိုက်အသက်ရှည်အုံးမယ် ရောက်ချလာပါပီ…အချိန်မှန်..”
မန်နေဂျာလင်း တစ်ယောက်လည်း ကိုယ့်ဆိုင်ကို ဧည့်သည်အယောင်ဆောင်ပီးနေ့တိုင်းလာနေသော bossအားနားမလည်နိုင်..။ ပါးစပ်ပိတ်နေရန်ပြောထားသဖြင့် အလိုက်သိနေပေးရသည်..။
မင်ရှီး…ဟန်ယွင်အားနှုတ်ဆက်မည်အပြု… ဟန်ယွင် နောက်မှလိုက်ဝင်လာသောသူအားကြည့်ရင်း…အသံထွက်မလာတော့..သူကား ဇာတ်လိုက်မ ယူရီ……
“System… ဘယ်ချိန်များဒီနှစ်ယောက်ရင်းနှီးလိုက်လဲ…ဇာတ်ကြောင်းသွားပြောင်းသွားတာ..ကံတရားကိုတော့မတားဆီးနိုင်ဘူးနော် “
System: ” ဟုတ်တယ် Hostရဲ့..ဒီနှစ်ယောက်ဘယ်လိုရင်းနှီးသွားလဲဆိုတော့..ဇာတ်လိုက်ကားနဲ့ ဇာတ်လိုက်မကိုတိုက်မိသွားတာလေ…လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှဖြစ်ထားတာဆိုတော့…. ချစ်သူအဆင့်ထိမဖြစ်လောက်သေးဘူး..”
“အော်….ဟုတ်လား “
System: “Host ဘာဖြစ်တာလဲ..မျက်နှာကြီး ညှိုးသွားတာပဲ “
“ငါကဘာကိစ္စ မျက်နှာညှိုးရမှာလဲ…အိပ်ချင်လို့..ပင်ပန်းလို့ကွ.. “
System: “Awww “
“မင်ရှီး…. နင်ကဒီမှာအလုပ်လုပ်တာလား…နင့်ဒေါ်လေးလည်းပြောပါတယ်..နင်အချိန်ပိုင်းအလုပ်တွေလုပ်နေရတယ်ဆိုပီး…တိုက်ဆိုင်လိုက်တာဟယ်..ငါကစီနီယာနဲ့ ကော်ဖီလာသောက်တာ..နင်နဲ့တွေ့မယ်လို့မထင်ထားဘူး “
ကယ်ရီပြုံးပဲပြုံးပြလိုက်သည်…
အရင်ကဆိုချင်းချိုးအားရှောင်ချင်သဖြင့်မိမိအား တမင်ရှီးတည်းမင်ရှီးနေတဲ့ဇာတ်လိုက်မက ဇာတ်လိုက်နဲ့ကျတော့ မိမိအားမတူသလိုမတန်သလိုဆက်ဆံချင်နေပုံအားအမြင်ကတ်ချင်လာသည်..။
“အကိုဟန်ယွင်… အမေရိကာနိုပဲပေးရမလား ” ကယ်ရီဇာတ်လိုက်မအားအမြင်ကတ်ကတ်နှင့်အဖတ်မလုပ်..
“ငါ့လည်း.. စီနီယာ နဲ့အတူတူပဲ.”
ဟန်ယွင် ..ယူရီဆိုတဲ့ကောင်မလေးအား ကော်ဖီလိုက်တိုက်မိသည်မှာ မှားလေပီဟုတွေးမိသည်..။ မိမိကားရှေ့အတင်းဝင်လာသဖြင့် မတော်တဆတိုက်မိခဲ့သည်..။..ဝတ္တရားမပျက်ကွက်ချင်သောကြောင့် ဆေးခန်းခေါ်သွားရာမှ…မိမိဂျူနီယာဟုမိတ်ဆက်ကာ..မိမိနှင့်အတင်းမိတ်ဖွဲ့လေသည်..။ မင်ရှီးနှင့်အလွန်ရင်းနှီးသောသူငယ်ချင်းဟု ကြားထားသဖြင့် သူမအားအလိုက်အထိုက်ဆက်ဆံပေးသော်လည်း..သူမက မိမိအားအရမ်းကပ်လွန်းသည်..ဒါကိုဟန်ယွင်လုံးဝမကြိုက်..။ ယခုအခြေနေအားကြည့်မည်ဆိုလျှင်.. သူတို့နှစ်ယောက်.ဆက်ဆံရေးသိပ်ကောင်းတော့ပုံမရ..။ မိမိ၏ မှန်ကြောင်လေးအား နှိမ်ချသလိုလေသံဖြင့်ပြောနေသည်ကိုလည်းသည်းမခံနိုင်..
“ကျွန်တော်ချိန်းထားတာရှိလို့သွားတော့မယ်….မင်ရှီး..ကိုယ်ညကျရင်ဖုန်းဆက်လိုက်မယ်နော်..” ဟန်ယွင် ပိုက်ဆံရှင်းပီးထွက်တော့မည်အပြု
“စီနီယာ… ကျွန်မကစီနီယာကို ကော်ဖီဝယ်တိုက်ခိုင်းတာလေ..”
“ကျွန်တော်…ပိုက်ဆံရှင်းခဲ့တယ်လေ”
System: “ခွီး….”
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
A/N- Upတာကြာသွားလို့တောင်းပန်ပါတယ်…
အခုမှစရေးဖူးတာဆိုတော့ ဇာတ်ကြောင်းစဉ်းစားမရဖြစ်သွားလို့ပါ 😅
အရေးအသားမကောင်းတာကိုသည်းခံပီးဖတ်ပေးတဲ့ဒါဒါတွေကိုကျေးဇူးတင်ပါတယ် 💛💛
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
Tags: read novel System 286 (On Going) Arc 1.11(မင်ရှီး), novel System 286 (On Going) Arc 1.11(မင်ရှီး), read System 286 (On Going) Arc 1.11(မင်ရှီး) online, System 286 (On Going) Arc 1.11(မင်ရှီး) chapter, System 286 (On Going) Arc 1.11(မင်ရှီး) high quality, System 286 (On Going) Arc 1.11(မင်ရှီး) light novel, ,
Comment
Leave a Reply
Chapter 13